A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Monday, September 3, 2007
မြစ်ကြီးနား တက� သိုလ်တွင် နအဖ ဆန့်ကျင်ရေး စာရွက်များ လိုက်ကပ်
မျိုးကြီး (မဇ္ဈိသတင်းဌာန)
စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကချင်ပြည်နယ် မြစ်ကြီးနား တက� သိုလ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေးနှင့် နအဖ အမျိုးသား ညီလာခံ ဆန့်ကျင်ရေး အစရှိသည့် တောင်းဆိုချက်များ ပါဝင်သည့် စာရွက်စာတမ်းများ ယနေ့ ညနေပိုင်းတွင် လိုက်လံ ကပ်ခဲ့သည်ဟု သိရသည်။
ယနေ့ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနား တက� သိုလ်ရှိ မြစ်ကြီးနား တက� သိုလ် ဘူမိဗေဒ ဒုတိယနှစ် ကျောင်းဆောင်ရှေ့တွင် အဆိုပါ လှုံ့ဆော်စာများ ကပ်ထားခြင်း ဖြစ်ပြီး စာထဲတွင် 'ကုန်ဈေးနှုန်း ကျဆင်းရေး'၊ 'လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှု ဆန့်ကျင်ကြ'၊ 'နအဖ ကျင်းပသည့် အမျိုးသား ညီလာခံ အလိုမရှိ'၊ 'မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှုကို ဆန့်ကျင်ကြ' နှင့် 'လယ်ယာမြေများ အဓမ္မ သိမ်းယူနေမှုများကို ဆန့်ကျင်ကြ' အစရှိသည်တို့ ပါဝင်သည်။
ယခု လှုပ်ရှားမှုကို ကချင် ကျောင်းသား လူငယ်များ အဖွဲ့က ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း တောင်းဆိုချက် အောက်တွင် ရေးထိုးထားသည်ဟု ဘူမိဗေဒ ဒုတိယနှစ် ကျောင်းသားတဦးက ပြောပြသည်။
အမည်မဖော်လိုသူ ကချင် ကျောင်းသားလူငယ် အဖွဲ့ဝင် တဦးက လှုပ်ရှားမှုသည် မြန်မာနိုင်ငံ ဒေသ အချို့တွင် ဖြစ်ပွားနေသည့် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြမှုများနှင့် တသားတည်း ရှိသည်ကို ပြသသည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောသည်။
သူက “ပြည်မမှာ လုပ်နေတာတွေနဲ့ ကျနော်တို့ နယ်မှာက တသားထဲ ရှိနေတယ်ဆိုတာ ပြတဲ့သဘောနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ နောက်ကိုလည်း ဆက်တိုက် လှုပ်ရှား ဆောင်ရွက် သွားမှာပါ” ဟု ဆက်ပြောသည်။
ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆိုသည့် လမ်းလျှောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် နအဖ ဆန့်ကျင်ရေး စာရွက်စာတမ်းများ လိုက်ကပ်သည့် ပထမဆုံး အကြိမ် လှုပ်ရှားမှု ဖြစ်သည်။
No comments:
Post a Comment