A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Wednesday, September 5, 2007
မူဆယ် ဋ္ဌကြိးလိုင်းမဵား ယာယီ ပိတ်လိုက်၊ ၆ိံစ်ြခန်ႚကေုကွးကျန်များေုကာင့်ဟု ပြော
မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ပေါ်ရှိ ကြိုးလိုင်း တယ်လီဖုန်းများသည် ယမန်နေ့က စတင်ကာ ဖြတ်တောက် ခံထားရသည်။
တယ်လီဖုန်းဆက်ရန် ဖုန်းခွက် ကောက်ကိုင်လိုက်သည်နှင့် “လူကြီးမင်းခေါ်ဆိုသော ဖုန်းကို ခေတ္တ ရပ်ဆိုင်း ထားပါသဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်း ဦးစီးဌာနနှင့် ဆက်သွယ်ပါရန်” ဟု ပြန်ကြားသည့်အသံ ကြားရပြီး ဆက်သွယ်၍မရ ဖြစ်နေခြင်း ဖြစ်သည်။ ဖုန်းပိုင်ရှင်များထံ မူဆယ်မြို့ ဆက်သွယ်ရေး ဦးစီးဌာနမှ တစုံတရာ ကြိုတင် အကြောင်းကြားခြင်း မရှိခဲ့ပေ။
စုံစမ်းမေးမြန်းသူ တယ်လီဖုန်း ပိုင်ရှင်များကို ၂ဝဝ၁ ခုနှစ်က အကြွေး ကျန်ရှိသောကြောင့်ဟု မူဆယ် ဆက်သွယ်ရေးရုံးက ပြောကာ ငွေတောင်းခံလွှာများ ပေးလွှတ်လိုက်သည်။ သို့သော် ငွေတောင်းခံလွှာတွင် မည်သည့် ကာလအတွက် အကြွေးကျန်သည်ဟု ဖော်ပြထားခြင်း မရှိဘဲ ကျသင့်ငွေ ပမာဏနှင့် သုံးစွဲသည့် ယူနစ်ကိုသာ ဖော်ပြထားသည်။
၂ဝဝ၁ ခုနှစ်က အကြွေး ကျန်စာရင်းကို ၆ နှစ်အကြာတွင် ယခုလို တောင်းခံလိုက်ခြင်းသည် ဌာနဆိုင်ရာများတွင် စာရင်း ကွာဟမှုကြောင့် ဖြစ်နိုင်သည်ဟု ဖုန်းပိုင်ရှင် တဦးက ပြောသည်။
ယခုအခါ ပေးဆောင်ပြီးသား ပြေစာမိတ္တူ ၃ စောင်ကို လားရှိုးမြို့ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာထံ တင်ပြကြရန် ညွန်ကြားထားကြောင်းနှင့် ပြေစာ ပြသနိုင်သည့် ဖုန်းပိုင်ရှင်များကို ဖုန်းလိုင်းများ ပြန်လည် ဖွင့်ပေးမည်ဟု ပြောဆိုထားသည်။
မူဆယ် ဆက်သွယ်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးကို မဇ္ဈိမ က ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ပြန်ကြားခြင်းမရှိပါ။
No comments:
Post a Comment