Saturday, September 8, 2007

မေဒေးနေႛက ဖမ်းဆီးထားသူများ ထောင်ဒဏိံစ်ြရညြ် ချမတ်ြခံရ


ကိုစိုး | စက်တင်ဘာ ၈ ၊ ၂၀၀၇

စစ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် မေလ (၁)ရက် မေဒေး နေ့က ဖမ်းဆီးထားသူ ၆ ဦးကို အင်းစိန်ထောင် အတွင်း အထူးတရားရုံးတွင် ယမန်နေ့က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

သောကြာ နေ့ မနက်ပိုင်း ၁၁း၃၀ နာရီ ခန့်တွင် ကိုသူရိန်အောင် အသက် (၃၃) နှစ်၊ ကိုဝေလင်း၊ ကိုမျိုးမင်း နှင့် ကိုကျော်မင်းတို့ကို ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၇ (၁) နှင့် လူဝင်မှုကြီးကြပ်ရေး (လ ၀ က) အရေးပေါ်ပြဌာန်းချက် ဥပဒေ ၁၃ (၁) အရ စုစုပေါင်း ထောင်ဒဏ်၂၈ နှစ် ချမှတ်လိုက်ပြီး ကိုကျော်ကျော် အသက်(၃၀)နှစ်နှင့် ကိုညီညီဇော်တို့ကို မူ ပုဒ်မ ၁၂၁ (က) အရ တကျွန်းနှင့်ထောင်ဒဏ် တနှစ် ချမှတ်လိုက်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းနှင့် မိသားစုဝင်များက ပြောသည်။

အဆိုပါ ၆ ဦးကို ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးမှ ဒု ခရိုင် တရားသူကြီး ဦးအေးလွင်က အင်းစိန်ထောင် အတွင်းတွင် အထူးရုံးဖွင့်၍ သီးသန့်ရုံးထိုင် စစ်ဆေးကာ အမိန့်ချခြင်းဖြစ်ကြောင်း သိရသည်။

ပုစ်မ ၁၂၄ (က) သည် အစိုးရကို အကြည်ညို ပျက်စေသည်ဟူသည့် ပုဒ်မ ဖြစ်ပြီး တကျွန်းနှင့် ဒဏ်ငွေ ကျပ် တထောင်၊ ပုဒ်မ ၁၇ (၁) မတရားသင်းနှင့် ဆက်သွယ်သည်ဆိုသည့် ဥပဒေအရ ထောင်ဒဏ် ၅ နှစ်၊ လ ၀ က အရေးပေါ်ပြဌာန်းချက် ဥပဒေ ပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၃ နှစ် ဟူသော ပြစ်ဒဏ်များ သတ်မှတ်၍ အမိန့်ချ လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ရှင်းပြသည်။

“၁၂၄ (က) ပုဒ်မနဲ့ပတ်သက်ပြီး ကျနော် တရားလိုနဲ့ သက်သေ ၂ ဦးလုံးကို စစ်ဆေးခဲ့စဉ်က အကြည်ညို ပျက်စေ တယ်ဆိုတဲ့ အကြောင်းအရင်းဟာ ဘယ်သူက ဘယ်နေရာမှာ ဘယ်လိုပြောတယ်ဆိုတာ ဘာမှထွက်ဆို ထားခြင်း မရှိဘူး၊ သက်သေလည်း မပြနိုင်ဘူး၊ အစိုးရ အကြည်ညိုပျက် အောင်ပြောဆို ဆောင်ရွက်တယ်ဆိုတဲ့ အထောက် အထား ကျနော်တော့ မတွေ့ဘူး” ဟု ဦးအောင်သိန်းက ပြောဆိုသည်။

ကိုသူရိန်အောင်၏ အစ်မဖြစ်သူ မစန္ဒာကလည်း “အစိုးရကို အကြည်ညိုပျက်အောင်လုပ်တာ မဟုတ်တဲ့အတွက် အခုလို ပြစ်ဒဏ် မချသင့်ဘူးလို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မေဒေးနေ့ အမေရိကန်စင်တာတွင် အလုပ်သမား ဥပဒေများကိုသာ ရှင်းလင်းပြောကြားခဲ့သည့် ကိုကျော်ကျော်ကို ယခုကဲ့သို့ မျှော်လင့်မထားသည့် ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် အံ့သြမိသည်ဟု ကိုကျော်ကျော်၏ အစ်မ ဖြစ်သူ ဒေါ်ဌေးမြင့်ကလည်း ပြောသည်။

“သူသွားတဲ့ အချိန်တုန်းက မေးလိုက်သေးတယ်၊ ဒီလို အမေရိကန် စင်တာမှာ သွားပြောရင် ဒီအစိုးရ အနေနဲ့ ကြိုက်ပါ့ မလားပေါ့၊ သူ့ ဥပဒေအကြောင်း ပြောတဲ့အတွက်မေးမြန်းရုံကလွဲပြီး ဖမ်းလို့မရဘူးလို့ပြောပြီး တက်တက်ကြွကြွနဲ့ သွားတာ၊ ကျမတို့ကလည်း ပြန်လာမယ်လို့ မျှော်လင့်တာပဲ၊ အခုလိုအမိန့်ချလိုက်တော့ ကျမတော်တော် အံ့သြသွားပါတယ်၊ ကျမတို့ လုံးဝ မမျှော်လင့်ပါဘူး”ဟု ဒေါ်ဌေးမြင့်က ပြောသည်။

ပုဒ်မ ၁၂၄(က) နှင့် ပတ်သက်၍ စေတနာမှန်စွာနှင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကိုဝေဖန်သည့်တိုင် ကင်းလွတ်ခွင့် ပေးသည့်သဘော တရားဝင်ရှင်းလင်းချက် ရှိကြောင်းလည်း ဦးအောင်သိန်းကပြောဆိုသည်။

“၁၂၄ (က) ပုဒ်မနဲ့ ၁၇ (၁) ၊ ၁၃ (၁) တို့ နဲ့က သတ်သတ်ဆီပါ၊ ဒီလိုပေါင်းပြီး အမိန့်ချတာဟာ ကြည့်မကောင်းပါဘူး၊ ကျနော်တို့ အယူခံအဆင့်ဆင့် တက်သွားမှာပါ”ဟု လည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ (၁) ရက်နေ့က ရန်ကုန်မြို့အမေရိကန်စင်တာတွင် ပြုလုပ်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်း အမှတ် ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ကိုကျော်ကျော်၊ ကိုညီညီဇော် ၊ ကိုဝေလင်း၊ ကိုမျိုးမင်း၊ ကိုကျော်မင်း နှင့် ကိုသူရိန်အောင်တို့ကို စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

Labels: , ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home