A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Friday, September 7, 2007
ပခုက္ကမြာ ဒေါသထွက်နေသော သံဃာတော်များက ႒ကံ့ဖြံႚနႚဲ စွမ်းအားရင်ြပိုင် ဆိုငိံငြ့်အိမ်ကို ဖျက်ဆီး
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
1:45 PM
လုံခြုံရေး ရှင်းနေတယ် ဆိုတဲ့ ပခုက္ကူ
“မြို့ပေါ်မှာ လုံခြုံရေးရယ် ဘာရယ် မရှိဘူး။ အကုန် ရှင်းနေတာပဲ။ မြို့မှာ သွားသွားလာလာပဲ။ အထက ၁ ကတော့ သင်တန်းရှိလို့ ပိတ်ထားတယ်ဗျ။ သင်တန်း ၅ ရက်ရှိလို့ ဟိုကတည်းက ကြိုပိတ်ထားတာပါ။ ကျန်တဲ့ ကျောင်းတွေကတော့ ဒီအတိုင်းပါပဲ။ တက္ကသိုလ်တွေ ဘာတွေ။ ဘာမှ ထူးခြားမှု မရှိဘူး။ လူစုဝေးတာတွေလည်း မရှိပါဘူး။ ကိုယ့်အဖွဲ့နဲ့ကိုယ် လ္ဘက်ရည်ဆိုင် ထိုင်လိုက်၊ ဘာထိုင်လိုက်ပေါ့နော်။” ဟု မြို့ခံတဦးက ပြောပြသည်။
“ဘုန်းကြီးတွေလည်း သူ့ဟာနဲ့သူ မနက် ဆွမ်းခံထွက်တာပဲ။ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်တို့၊ ဝိသုတာရာမ ကျောင်းတိုက်တို့မှာလည်း မထူးခြားပါဘူး။ မနက်က အိပ်ယာထ နောက်ကျလို့ ဘုန်းကြီးတွေကိုတောင် မလျှောက်လိုက်ရဘူး။ ဘုန်းဘုန်းတွေကလည်း ဘယ်တော့မှ မပြောဘူး။ သူတို့လုပ်မယ့် အစီအစဉ် ဘယ်တော့မှ မပေါက်ဘူး။ ပြီးမှသာ ဘုန်းဘုန်းတို့ ညက ပါလားဆိုပြီး အဲလို လျှောက်လိုက်မှသာ ဘယ်လိုဘယ်လို လုပ်တယ်ဆိုတာ ပြောတော့တာပဲ။ လုပ်မယ့် အစီအစဉ်တော့ လုံးဝမပေါက်ဘူး။” ဟု သူက ထပ်ပြောသည်။
12:45 PM
ပခုက္ကူမှာ ဒေါသထွက်နေသော သံဃာတော်များက ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ပိုင် ဆိုင်နှင့်အိမ်ကို ဖျက်ဆီး
ပခုက္ကူတွင် ဒေါသ ထွက်နေသော သံဃာတော်များက ယမန်နေ့ညက ကြံ့ဖွံ့နှင့် စွမ်းအားရှင် နှစ်ဦးတို့ ပိုင်ဆိုင်သော ဈေးဆိုင်နှင့် အိမ်တို့ကို ဖျက်ဆီး ပစ်လိုက်ကြသည်ဟု သိရသည်။
ပခုက္ကူ မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြချက်
“ပြည်ခိုင်ဖြိုးက စတိုးဆိုင် တဆိုင်ရယ်ကို ညပိုင်းတုန်းက ဖျက်လိုက်တယ်။ လှဝင်းနိုင် ဆိုတာလေ မြို့နယ် အလုပ်အမှုဆောင်လေ၊ အဲဒီ ပြည်ခိုင်ဖြိုးရဲ့ စတိုးဆိုင်က လမ်းမပေါ်က နေနတ်သား လျှပ်စစ် ပစ္စည်းဆိုင်။ မိန်းလမ်းမကြီးပေါ်မှာ ကုန်သည်ပွဲစား အသင်းရုံးရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်။ မြို့မ လမ်းပေါ့နော်။ မြို့ရဲ့ အရှေ့ဖျားလေး နည်းနည်းကျတယ်။”
“တံခါးဖွင့် ဝင်ပြီးတော့ အထဲမှာ ရှိတဲ့ဟာကို နည်းနည်းပါးပါး ဖျက်လိုက်တဲ့ သဘောပါပဲ။ ည ၁ဝ နာရီလောက်၊ လူတွေ အနားမကပ်ရဘူး။ ဘုန်းကြီးက ၄-၅ဝ လောက် ရှိမယ်။ လုံးဝကို လူတွေကို အနားကပ် မခံဘူးဗျ။”
“နောက် စွမ်းအားရှင် တယောက်ရဲ့ တဲသာသာ အိမ်ကိုလည်း ဖျက်လိုက်တယ်။ အမှတ် ၁ ရပ်ကွက်ထဲက။ နှစ်တစ် ခင်မောင်ဝင်း အိမ်။ ဒီကောင်က ငယ်ငယ်တုန်းက ရိုက်ရင် နှစ်တစ် (သစ်သားဒုတ်)နဲ့ ရိုက်တတ်လို့ နာမည်ရှေ့က နှစ်တစ် တပ်ထားတာ။ အိမ်ကတော့ သိပ်မကောင်းဘူး ပြောပါတယ်။ နဂိုကတည်းက စီးပွားရေး အဆင်မပြေတဲ့ တဲသာသာ အိမ်ပေါ့။ အဲဒါကိုတော့ ဖျက်ပစ်လိုက်တယ် ပြောပါတယ်။ လူတွေကလည်း မရှိဘူးလေ။ လူတွေကလည်း ရှောင်နေပြီပေါ့။”
No comments:
Post a Comment