A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Thursday, September 6, 2007
ပခုက္ကမြာ သံဃာတော်များက အာဏာပိုင်များကို ထိန်းသိမ်းလိုက်ူပီ၊ ယမန်နေႚက ဖမ်းဆီးထားသူများ ပြန်လတ်ြပေးရန် တောင်းဆို
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၆ ရက်၊ ၂၀၀၇ ခုနှစ်။
3:05 PM
ပခုက္ကူ အရေးအခင်းနှင့် ပတ်သက်၍ ဒေသခံ ရဟန်းတပါးအမြင်
“ပြည်သူတွေကတော့ ဒကာကြီး၊ မနေ့က ကိစ္စမှာ သံဃာတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒါမြို့ကို ပတ်ပြီးတော့ မေတ္တာပို့၊ ပရိတ်ရွတ်တာပဲ။ မနေ့တုံးက သံဃာတွေက အထူးသဖြင့် နိုင်ငံရေးနဲ့ ပါတ်သက်ပြီးတော့ ဘယ်ပါတီ ဘယ်အဖွဲ့စည်းကိုမှ ဘယ်သူ ဘာဆိုတာမျိုး၊ သံဃာတွေက ဆန္ဒပြတာ တဲ့ အနေလဲ မဟုတ်ဘူး။ တကာကြီးတို့လဲ လက်တွေ့ ခံစားနေရတဲ့ စကားကို ပြည်သူတွေ မပြောရဲလို့၊ ဒါ သံဃာတွေက ပြည်သူကိုယ်စား ပြောပေးတဲ့ အနေနဲ့ပဲ ပုံသဏ္ဌာန်လေးပါတယ်။ လက်တွေ့ ကုန်ဈေးနှုန်းတွေ ချပေးဖို့ ဒါလောက်ရယ်။ ဒီကုန်ဈေးနှုန်း ချရေးအတွက် ဆန္ဒ ထုတ်ဖော်တဲ့ လူတွေ ဖမ်းဆီးထားတာကို လွတ်ပေးဖို့၊ ဒါလောက်ပဲ။ သံဃာတွေရဲ့ လက်ကမ်း ပုံသဏ္ဌာန် ပါတယ်လေ။ အဲ ပြောတာဆိုတာကလဲ ဦးပဉ္ဇင်းတို့ ဒို့အရေး ဘာညာ ဒီလိုအော်တာ မဟုတ်ပါဘူး။ မင်းကွန်း ဆရာတော်ကြီးရဲ့ မေတ္တာပို့ကို ပို့တာပဲလေ။ အဲဒါကို ဒီဦးပဉ္စင်းတို့ ဒီအရှေ့တိုက်က အထွက် ဒီပန်းခြံ မီးပွိုင့်ဆုံ လမ်းမှာ ဒါစစ်တပ်ရော၊ ကြံ့ဖွံ့ရော၊ စွမ်းအားရှင်ရောက မတရားကိုပဲ ဟိုအကြမ်းဖက်ပြီးတော့ သံဃာတွေ ဖမ်းတယ်၊ ရိုက်တယ်။ သံဃာကို ခင်ဗျား စဉ်းစားကြည့်ဗျာ။ ဘုန်ကြီးတပါးကို ဓါတ်တိုင်ချည်ပြီးတော့ ဟို ချည်တာလဲ ရိုးရိုးချည်တာလဲ မဟုတ်ဘူး။ လည်ပင်းတွေရော၊ အကုန်လုံးကိုပဲ ခွေးချည်၊ နွားချည်၊ ချည်ပြီးတော့ ပါးရိုက်တယ်၊ သေနတ်ဒင်နဲ့ ထိုးတယ် ခင်ဗျာ စဉ်စားကြည့်ပေတော့။ အဲဒါကို မြင်နေတဲ့ ပြည်သူတွေက ဘယ်လို ခံစားရမလဲဗျာ။ သူတို့က တကယ်တမ်းကျတော့ ပြည်သူတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒီလို ဟိုပြည်သူရဲ့ ဆန္ဒကို သံဃာတွေက ကိုယ်စား ပို့ပေးတဲ့ ဒီဘာမှ လက်နက် မပါတဲ့ သံဃာတွေကို နှိပ်နှိပ်စက်စက် လုပ်တယ်ဆိုတော့ သံဃာတွေက ဘယ်ခံနိုင်မလဲ။”
2:40 PM
ပခုက္ကူမြို့နယ်မှ ဦးပဉ္စင်းက မဇ္ဈိမ သို့ ပြောပြချက်
“အလယ်တိုက်ထဲကို သူတို့ တိုင်းအတွင်းရေးမှူးတို့၊ မြို့နယ်က မယက အဖွဲ့ဝင်တို့၊ ခရက ဥက္ကဌတို့က ကားငါးစီးလောက်နဲ့ သွားတယ်။ အဲဒီမှာ ဟိုကဝိုင်းပြီးတော့ သံဃာတွေက တိုက်ထဲကို မဝင်ဖို့ ပြောတယ်တဲ့၊ တိုက်ထဲကို မဝင်ကြပါနဲ့။ ခင်ဗျာတို့ မဝင်ကြပါနဲ့ ဆိုပြီးတော့ ဟိုကလဲ သွားမယ် ဆိုပြီးတော့ ဇွတ်ကိုဝင်ကြတယ်။ အဲဒီမှာ အခုတော့ လူတွေလည်း ဖမ်းထားတယ်။”
“အခုတော့ လူအုပ်ကြီးကလဲပဲ ၂-၃ ထောင် လောက်ရှိတဲ့ လူအုပ်ကြီးကလဲ၊ အဲဒီကျောင်းဝင်း လမ်းမှာပေါ့လေ။ သံဃာတွေကလည်းပဲ အရမ်းလာတဲ့သူ (အာဏာပိုင်ဘက်က) တွေ ချမှာပဲ ဆိုတဲ့အနေနဲ့ အဆင်သင့် စောင့်နေကြတယ်။ အခုတော့ ဘယ်သူမှ မလာဘူး စစ်သားလဲ မလာဘူး။ ရဲလဲ မလာဘူး။ ဟိုလူတွေကိုလည်းပဲ ခုနက တယက အတွင်းရေးမှူးရယ်။ ခယက ဥက္ကဌတို့ကိုလည်းပဲ သံဃာတွေ ထိန်းသိမ်းထားတယ်လေ။ ဖမ်းထားတဲ့ ကိုယ်တော်တွေ တွေ့ရင် ပြန်လွတ်မယ်ဆိုတဲ့ အနေမျိုး သံဃာ တွေ ပြောနေကြတာပေါ့နော်။”
1:45 PM
ပခုက္ကူနောက်ဆုံးအခြေအနေ
“သက်ဆိုက်ရာက ကားငါးစီးနဲ့ သွားတယ်။ ကားငါးစီးနဲ့ သွားတဲ့ ကားတွေက တိုင်းသာသနာရေးက ကားတစီး၊ နောက်မန္တလေးက ကားတစီး၊ နောက် ခယက က ကားတစီး၊ နောက်တခုက အေးလွင် (စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသူ) တို့ဘက်က ကားတစီး၊ နောက်ပြည်ထဲရေးက ကားတစ်စီး စုစုပေါင်း ငါးစီးသွားတယ်။ အဲဒီ သွားတဲ့အခါမှာ အလယ်တိုက်ကို ရောက်တဲ့အခါမှာ အဲဒီဘုန်ကြီးတွေက အဲဒီကားငါးစီးကို ဝင်တိုက်တဲ့ ပေးဝင်ပြီးတော့ ဝင်းတံခါးတွေ ပိတ်လိုက်တယ်။ အဲဒီတော့ ကားငါးစီးနဲ့ လူတွေကိုလည်း အဲဒီထဲမှာ ထည့်ထားတယ်။ မလွတ်သေးဘူး။” ဟု ဒေသခံတဦးက ပြောသည်။
အတည်မပြုနိုင်သေးသော သတင်းအရ ယမန်နေ့က ဖမ်းဆီးထားသော သံဃာနှင့် လူပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးမှသာ ကျောင်းတိုက်အတွင်း ရောက်ရှိနေသူများကို ပြန်လည် ထွက်ခွင့် ပြုမည်ဟု သံဃာတော်များက တောင်းဆိုထားသည်။
ကျောင်းတိုက် ဝန်းကျင်တွင်လည်း လူအနည်းဆုံး ၂ဝဝဝ ခန့် ဝိုင်းရံ ရောက်ရှိနေကြသည်။
1:15 PM
နောက်ထပ်ရရှိသော သတင်းအရ ယနေ့ နံနက် ၁ဝ နာရီခန့်က စတင်၍ အစိုးရရုံးကား ၄ စီးကို ဒေါသ ထွက်နေသော လူအုပ်စုကြီးက အလယ်ကျောင်းတိုက် ရှေ့တွင် မီးတင်ရှို့လိုက်ကြသည်။
12:40 PM
ကားမီးရှို့ခံရ
ပခုက္ကူမြို့တွင် ယမန်နေ့က ဆန္ဒပြပွဲကို စစ်တပ်က အင်အားသုံး ဖြိုခွင်းပြီးနောက် သံဃာတော်တပါး ပျံလွန်တော်မူသွားသည် ဆိုသော သတင်းများ ထွက်ပေါ်နေပြီးနောက် ကားတစီး မီးရှို့ခံထားရကာ အခြေအနေ တင်းမာနေသည်။
အလယ်ကျောင်းတိုက်သို့ စစ်တပ်များ ဝင်ရောက်လာပြီး ကျောင်းဝင်းတံခါးများ ပိတ်လိုက်သည်။ ကျောင်းတိုက်ရှေ့တွင် မာဇဒါ ဂျစ်ကားတစီး မီးရှို့ခံထားရကာ လုံခြုံရေးများ ခြေချင်းလိမ်နေသည်။
ပခုက္ကူ ဈေးကြီးကို နံနက်ပိုင်းတွင်ပင် ပိတ်ပစ်လိုက်ကြသည်။
12:30 PM
စစ်တွေမြို့မှာ စစ်ကားတွေ ကင်းလှည့်၊ စွမ်းအားရှင်တွေ စုဖွဲ့နေ
စစ်တွေမြို့ခံ ဦးကျော်စိုးအောင်၏ ပြောပြချက်
“မနေ့ကနေ သူတို့က အင်အားတွေ အများကြီးနဲ့ မြို့ကို ပတ်ပြီးတော့ ကား ၁၆ စီးနဲ့ အင်အားတွေ ပြပြီးတော့ လက်နက်တွေ အစုံနဲ့ လမ်းထွက်ကုန်တော့၊ လမ်းမှာတွေရော၊ ဘုန်ကြီးကျောင်းမှာရော သူတို့က အင်အား ပြလိုက်တယ်။ ခန့်မှန်ပြီး ပြောရမယ်ဆို ၁စီးကို ၄-၅-၆ ဆယ်လောက် ရှိမှာပေါ့။”
“မနက် အစောကြီးကတည်က စစ်တပ် ကား ၈စီးလောက် ရှိတယ် နောက်ပိုင်းမှာက ကား ၁၆ စီးလောက် ဖြစ်သွားတယ် ။ နေ့လည်ပိုင်းလောက် ဖြစ်လိမ့်မယ် အဲဒီမှာ သူတို့က ဘုန်ကြီးကျောင်း ရှိတဲ့နေရာတွေ စာသင်ကျောင်း ရှိတဲ့နေရာတွေ လမ်းဆုံမှာတွေ အကုန်ချလိုက်တယ်။”
“အခု စစ်တပ်က နောက်ဆုတ်သွားပြီ ဆိုတော့ အခု ရဲအင်အားတွေ သူတို့ ချလိုက်တယ်။ နောက်ပြီးတော့ ဘယ်က ဗိုလ်မှူးကြီး တဦးလဲ မသိဘူး ဗိုလ်မှူး တယောက်က ရပ်ကွက်တခု လူ ၂ဝ တောင်းပြီးတော့ စွမ်းအားရှင် ဆိုပြီးတော့ ရပ်ကွက်တိုင်းမှာ ဖွဲ့လိုက်တယ်။”
“အခု ရပ်ကွက်တွေမှာက သူတို့ အလုပ် မရှိတဲ့လူတွေ၊ နောက်ပြီးတော့ စိတ်မပါပဲနဲ့ အတင်း အဓမ္မ ရယက လူတွေက ခေါက်ဆွဲတွေ လှူတယ်။ တချို့ ဆိုလို့ရှိရင် ပြန်ပြီးတော့ ပြေးလာခဲ့တယ် တချို့ ဆိုလို့ရှိရင် အခွင့်အရေးကို မျှော်ပြီးတော့ အဲဒီမှာထိုင်နေကြတယ်။”
“အခု နောက်ဆုံး အခြေအနေက ဘူးသီးတောင်၊ မောင်တောဘက်က လုံထိန်းတွေ ရောက်လာတယ်။ ပြဿနာဖြစ်ရင် ဖြေရှင်းပေးဖို့ စစ်တွေမှာရှိတဲ့ ပြည်သူ့ ရဲတွေနဲ့ ပေါင်းပြီးတော့ သူတို့ကို ထိန်းချုပ်ထားတာပေါ့။”
“သူတို့ လုံခြုံရေး ချထားတဲ့ နေရာက တနေရာကို ၂ဝ လောက်ရှိမယ်။ ဘုရားကြီးတို့ ဒုံးတိုက်ကွင်းတို့ (ဒုံးတိုက်ကွင်း ဆိုတာ ဘုန်ကြီးတွေ ပျံတော်မူတဲ့အခါ သုသာန်ကွင်းကို ပြောတာပါတဲ့) နောက်ပြီးတော့ စာသင်ကျောင်း ရှိတဲ့နေရာတွေ တက္ကသိုလ် ရှိတဲ့နေရာတွေ အဲဒီလို နေရာတွေပေါ့။”
11:50 AM
မန္တလေး စည်ပင်သာယာက အိမ်ခွန်၊ ရေခွန်၊ မြေခွန်၊ မိလ္လာခွန် စသည့် အခွန်အခများ အားလုံး စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တိုးမြှင့် ကောက်ခံနေသည်။
No comments:
Post a Comment