A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Wednesday, August 29, 2007
မိံ္ဇလေး သံဃာတော်များက ဆိံ္ဋပြပွဲများကို မျက်ကွယ်မပြိုံင်ဟုဆို
ကိုစိုး | သြဂုတ် ၂၉ ၊၂၀၀၇
မြန်မာပြည်တွင်း လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်သည့် နည်းဖြင့်ဖြေရှင်း နေခြင်းအား မျက်ကွယ်မပြုနိုင်ကြောင်း မန္တလေးမြို့ရှိ သံဃာတော်များက ယနေ့ ပြောကြားလိုက်သည်။
“ဒါဟာအိုးမည်းသုတ်ပြီး ပြည်သူအချင်းချင်း ပြန်တိုက်ပေးနေသလိုမျိုးပဲ”ဟု မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်မှ ဘွဲ့အမည် မဖော်လိုသော သံဃာတော် တပါးက ဧရာဝတီသို့ပြောသည်။
လောင်စာဆီဈေးကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရ အရပ်ဝတ် အာဏာပိုင်များနှင့် ၎င်းတို့ငှားရမ်းထားသူများက အကြမ်းဖက်နည်းဖြင့် နှိမ်နင်းနေသည်ဟု ၎င်းက ပြောသည်။
“အစိုးရတရပ်အနေနဲ့ တာဝန်ယူ မလုပ်နိုင်ဘူးဆိုရင် လုပ်နိုင်တဲ့သူကို လွှဲပေးသင့်တယ်”ဟုလည်း ဆိုသည်။
မန္တလေးရှိ သံဃာတော်များက ကိုယ့်ရှေ့တွင် ဤကဲ့သို့ မတရားပြုလုပ်နေမည်ဆိုပါက လက်ပိုက်ကြည့်နေကြမည် မဟုတ်ဟုလည်း တခြားသံဃာတော် တပါးက ပြောသည်။
“အများပြည်သူ အကျိုးအတွက် သံဃာတွေက မျက်ကွယ်ပြုထားမှမဟုတ်ပါဘူး”ဟု အဆိုပါသံဃာတော်က ပြောကြား လိုက်ပြီး “တိုင်းပြည်ကောင်းစားတိုးတက်ဖို့ဆိုရင် လူတိုင်းကိုယ်လုပ်နိုင်တာကို လုပ်မှ အဆင်ပြေမယ်” ဟုလည်း ဆက်လက်ပြောကြားသည်။
လွန်ခဲ့သော တနင်္ဂနွေနေ့က မန္တလေးတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်က ယခုဆန္ဒပြမှုများတွင် မန္တလေးရှိ သံဃာတော်များ
မပါဝင်ရန် လျှောက်ထားတားမြစ်ခြင်းကိုလည်း မန္တလေးသံဃာတော်က ဝေဖန်လိုက်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် သံဃာတော်များက အများပြည်သူဘက်က ပါဝင်၍ မားမားမတ်မတ် ရပ်တည်ခဲ့သည့် သမိုင်းအစဉ်အလာရှိခဲ့သည်ဟုလည်း ဆိုသည်။
ယမန်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့တွင် သံဃာတော် အပါး ၂၀၀ ခန့်က လောင်စာဆီကျဆင်းရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်ချမ်းစွာဆန္ဒပြလမ်းလျှောက်ခဲ့ကြပြီး ယင်းဆန္ဒပြပွဲအား အာဏာပိုင်များ ဘက်က နှောင့်ယှက် ဟန့်တားမှုမရှိဘဲ ပြီးဆုံးခဲ့သည်။
ယင်းဆန္ဒပြပွဲတွင် သံဃာတော်များကို သောက်ရေသန့် ကပ်လှူသူ နှစ်ဦးကိုမူ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း စစ်တွေဒေသခံတဦးက ယနေ့ပြောသည်။
အဆိုပါ လောင်စာဆီကျဆင်းရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများကို ၈၈ မျိုးဆက်ကျောင်းသားများနှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များက ဦးဆောင်၍ သြဂုတ်လ ၁၉ ရက်က ရန်ကုန်မြို့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တခြားမြို့များ တွင်လည်း ဆက်လက် ဆန္ဒပြခဲကြသည်မှာ ရက်သတ္တ တပတ်ခန့်ရှိပြီဖြစ်သည်။
No comments:
Post a Comment