A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Thursday, August 30, 2007
လူထုသတင်းထောက်မျာိးိုံင်ငံတကာမီဒီယိာံငြ့် ချိတ်ဆကိုံင်ုကူပီ
ဧရာဝတီ | သြဂုတ် ၃၀၊ ၂၀၀၇
မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်မှုကြောင့် မကြာသေးမီက ဖြစ်ပေါ်လာသော ကန့်ကွက်ဆန္ဒပြ ပွဲသတင်းများက နေ့တွင်းချင်းဆိုသလို နိုင်ငံတကာသတင်းမီဒီယာများပေါ်သို့ ရောက်လာခဲ့သည်။ ဓာတ်ပုံများ၊ ဗီဒီယို ရိုက်ချက်များ၊ နောက်ဆုံးသတင်းများကို ချက်ချင်းဖော်ပြနိုင်ခဲ့ကြသည်။
ဤသို့ အချိန်နှင့်အမျှ ပေးပို့နိုင်ခဲ့သော ရုပ်ပုံများနှင့် သတင်းများက ထူးခြားတိုးတက်ပြောင်းလဲမှု တရပ်ပင်ဖြစ်သည်။ ပြည် တွင်းရှိဖြစ်ရပ်များ၊ သတင်းများ မပေါက်ကြားစေရန် စစ်အစိုးရက ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်နေသည်ကို ပြနေသည်။
လူထုကိုယ်တိုင် သတင်းထောက်လုပ်ကြသူများနှင့် ဆန္ဒပြသူများအတွက် ခေတ်သစ်ဆက်သွယ်ရေးနည်းပညာများ သုံးစွဲ လာနိုင်သည်ကို ကျေးဇူးဆိုကြရလိမ့်မည်။ ယခင်အတိတ်ကာလများက စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်း မှုများကို နိုင်ငံပြင်ပမှ သိရှိနိုင်ရန် ခဲယဉ်းလှသော်လည်း ယခုအခါ ယခုဖြစ် ယခုနိုင်ငံတကာသတင်းများတွင် ပါဝင်ဖော်ပြနိုင်ကြပြီ ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးစနစ်က များစွာ ညံ့ဖျင်းနေပါသေးသည်။ စစ်အစိုးရက ဆက်သွယ်ရေးနည်းလမ်းများအားလုံးကို တင်းကျပ်စွာချုပ်ကိုင်ထားပြီး လက်ကိုင်ဖုန်း၊ အီး-မေးလ်၊ အင်တာနက်၊
ဝက်ဘ်ဆိုက် စသည် အားလုံးကို မြန်မာပြည်သူ အများစု အသုံးပြုနိုင်သည့်အခြေအနေမှာလည်း များစွာ နိမ့်ကျသည့် အဆင့်တွင်ပင် ရှိနေပါသေးသည်။
ဤသို့ ထိန်းချုပ်ထားသည့်ကြားမှ စစ်အစိုးရ၏ ထောက်လှမ်းရေးကွန်ရက်များ အနှံ့အပြားထိုးဖောက် စောင့်ကြည့်နေကြ သည့်ကြားမှပင် လူထုသတင်းထောက်များနှင့် ဆန္ဒပြသူများက စစ်အစိုးရနှင့် ၎င်း၏လက်ကိုင်တုတ်လူမိုက်များ ကျူးလွန်ခဲ့ ကြသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာသိ တင်ပြ သတင်းပေးပို့ နိုင်ခဲ့ကြသည်။
ဧရာဝတီ အဖွဲ့သားများက သတိပြုမိခဲ့သောအချက်မှာ လူထုများကိုယ်တိုင် ပို၍ နိုးကြားအသိရှိနေကြပြီး သတင်းထောက် အဖြစ် ကိုယ်တိုင်ဆောင်ရွက်ကြကာ နိုင်ငံတကာနှင့် ပြည်ပရှိ မြန်မာ သတင်းမီဒီယာများကို ကောင်းကောင်း အသုံးချနိုင်ခဲ့ ကြသည်။ ဤအတွက်ကြောင့်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်း မြန်မာပြည်သူ များခံစားနေရသည့်အရေးကို လူအများ က သတိပြုနေမိခဲ့ကြသည်။
ပို၍အရေးကြီးသည့်အချက်မှာ သတင်းထောက်အဖြစ် ဆောင်ရွက်ကြသည့် ပြည်သူများသည် ပို၍ သတ္တိကောင်း ရဲရင့် ကြပြီး သူတို့ကိုယ်သူတို့ အရေးပါသည့်တာဝန်တရပ် ထမ်းဆောင်နေကြောင်းလည်း သိရှိ သဘောပေါက် ထားကြသည်။ သူတို့က စစ်အစိုးရ၏ မတရားမှု၊ ဖိနှိပ်မှု၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများ ချိုးဖောက်ကျူးလွန်နေမှု၊ အခြေခံ အခွင့် အရေးများ ဆုံးရှုံးချိုးဖောက်ခံနေရမှုတို့ကို မကြောက်မရွံ့ သတင်းပေးပို့ နေခဲ့ကြသည်။
ဧရာဝတီမဂ္ဂဇင်းက ပြည်ပရှိ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းများကိုယ်စား ယင်းလူထုသတင်းထောက်များ နိုးကြား လှုပ်ရှားလာသော အခန်းကဏ္ဍကို တန်ဖိုးထားပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အဖိုးမဖြတ်နိုင်သော အင်အားစုဟု ရှုမြင်ပါသည်။
ဘီဘီစီ ၊ နယူးယော့တိုင်း (မ်) စသည့် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့ကြီးများကပင် စစ်အစိုးရ၏ဖိနှိပ်မှု သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုရိုက်ချက်များကို ရှားရှားပါးပါးထုတ်လွှင့်ပေးနိုင်ခဲ့ကြပြီး ဝေးလံလှသည့်မြို့များမှ သတင်းများကိုလည်း ဖော်ပြနိုင်ခဲ့ကြပါသည်။
ဥပမာ ၁၉၉၀ ခုနှစ် ကာလများကဆိုလျှင် ထင်ရှားသည့် ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် တယောက် နိုင်ငံရေး သတင်းစကားများကို ယခုကဲ့သို့ပါးနိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပါ။ ယခုအချိန်တွင်တော့ ပုန်း အောင်းနေစဉ်ကာလ မှာပင် သူက နိုင်ငံခြားသတင်းဌာနများနှင့် ဆက်သွယ်ပြောဆိုနေနိုင်ပါသည်။
ယခု ဖြစ်ပွားနေသော ဆန္ဒပြပွဲများတွင် သတင်းယူကြသည့် နိုင်ငံခြားသတင်းထောက်များနှင့် ဒေသခံသတင်းစာသမားများ ကို သတင်းမယူနိုင်ရန် နည်းမျိုးစုံဖြင့် စစ်အစိုးရက တင်းကျပ်စွာ ကန့်သတ်ထားပါသည်။ သို့သော်လည်း သတင်းများက ဖုံးဖိထား၍ မရပါ။ ထွက်ပေါ်နေမြဲသာ ဖြစ်သည်။
ကမ္ဘာက ရန်ကုန်နှင့် အခြားမြို့များတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည်ကို သိနေကြပါပြီ။ ဓာတ်ပုံများ၊ ဗီဒီယို ရိုက်ချက်များ၊ သတင်းပေးပို့မှုများလည်း ဆက်တိုက် ချက်ချင်းဆိုသလို ထွက်ပေါ်နေခဲ့ပါသည်။ ဤကိစ္စအတွက် တသီးပုဂ္ဂလ လှုပ်ရှား ကြသော လူထု သတင်းထောက်များ၏ လုပ်ကိုင်ဆောင်ရွက်လိုကြသည့်ဆန္ဒ၊ စိတ်ပိုင်းဖြတ်မှုနှင့် သတ္တိတို့ကို နိုင်ငံတကာ မီဒီယာမိသားစုက ကျေးဇူးစကားဆိုကြရမည် ဖြစ်သည်။ အမှန်ကို အမှန်အတိုင်း တင်ပြခြင်းကပင်လျှင် ဖိနှိပ် ချုပ်ချယ် နေသော စစ်အစိုးရကို ချိနဲ့အားပျော့သွားအောင် ထိုးနှက်နိုင်မည့် စွမ်းအားထက် လက်နက် ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သဘော ပေါက်ထားကြပါသည်။
No comments:
Post a Comment